မော်လမြိုင်ခရိုင်ရုံး၌ လူငယ်များ ကာယ၊ဉာဏ၊စာရိတ္တဘက်စုံဖွံ့ဖြိုးရေး Physical  Fitness Dance သရုပ်ပြပွဲ ဆောင်ရွက်ပေး

မော်လမြိုင်     နိုဝင်ဘာ ၁၆

မွန်ပြည်နယ်၊  မော်လမြိုင်ခရိုင်  လူထုအခြေပြုဗဟိုဌာန  (Community  Center)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၁  နာရီက Physical    Fitness  Dance သရုပ်ပြပွဲကိုOnline မှတစ်ဆင့် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ Physical  Fitness Dance ဖြင့်သရုပ်ပြပေးခြင်းသည် ယနေ့ခေတ်လူငယ်၊လူရွယ်များ ကျန်းမာရေးအတွက် အထူးသင့်လျော်သော ကိုယ်လက်လှုပ်ရှား  အားကစားနည်း  တစ်မျိုးဖြစ်သည့် အတွက် ကိုယ်ကာယကြံ့ခိုင်မှု ရှိစေရန်နှင့် လူတိုင်းလိုက်ပါ လှုပ်ရှားကစားနိုင်သည့် ကစားနည်း ဖြစ်၍  အကျိုးကျေးဇူးရရှိစေရန်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။ Physical Fitness Dance သရုပ်ပြပေးမှုကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ သင်တန်းနည်းပြများ ဦးဆောင်မှုဖြင့်  သင်တန်း သူလေးများက ပါဝင်ဆောင်ရွက်ပေးကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)