မိုင်းယုမြို့၌ ပြည်သူများ အကြောင်းပြချက်မရှိဘဲ သွားလာမှုမရှိစေရန် ကန့်သတ်စစ်ဆေးမှုကို ငါးရက်ထပ်မံတိုးမြှင့် စစ်ဆေး

မိုင်းယု နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကူး စက်ပြန့်ပွားမှုမရှိစေရန်အတွက်  မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအဖွဲ့များက ပြည်သူများအကြောင်းပြချက်မရှိဘဲ သွားလာမှု မရှိစေရေး မြို့ဝင်နှင့် မြို့ထွက်ရှိ ကားလမ်းမတွင် ကန့်သတ်စစ်ဆေးမှုများ၊ လှည့်လည် စစ်ဆေးခြင်းနှင့် ညလှည့်ကင်းများဖြင့် စစ်ဆေးမှုကို နိုဝင်ဘာ (၁၆)ရက်နေ့မှ (၂၀)ရက်နေ့ထိ  ထပ်မံတိုးမြှင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ စစ်ဆေးရခြင်းသည့် မိုင်းယုမြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုအပေါ် ပိုမိုကာကွယ် ထိန်းချုပ်နိုင်စေရေး၊ ဒေသခံပြည်သူတို့ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြစေရန်နှင့် မလိုအပ်ဘဲ အိမ်အပြင်မထွက်ကြစေရန်အတွက် မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောပြင်ည့်ဖြိုး၏ ကြီးကြပ်မှုဖြင့် ကော်မတီအဖွဲ့ များက ဒေသခံပြည်သူတို့၏  ဈေးဆိုင်များ လုံးဝပိတ်ထားရန်၊ လူစုလူဝေးများ မဖြစ်ပေါ်စေရန်၊ ပြည်သူများ အကြောင်းပြချက်မရှိဘဲ မြို့တွင်း ဝင်/ထွက် သွားလာမှုနှင့် နေအိမ်ပြင်ပမထွက်စေရေးတို့အတွက် ယခင် နိုဝင်ဘာ(၁၁)ရက်နေ့မှ (၁၅) ရက်နေ့အထိ ငါးရက်သတ်မှတ်ခဲ့သော်လည်း ယခုအခါ ဒေသတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအပေါ် ပိုမိုကာကွယ်ထိန်းချုပ်မိစေရန်အတွက် ကန့်သတ်စစ်ဆေးမှုများ၊ လှည့်လည်စစ်ဆေးခြင်းနှင့် ညလှည့်ကင်းစစ်ဆေးမှုများကို  နိုဝင်ဘာ(၁၆)ရက်နေ့မှ (၂၀) ရက်နေ့ထိ ထပ်မံတိုးမြှင့်၍ အထူးကြပ်မတ်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီအဖွဲ့၏ ထုတ်ပြန်ချက်များ အရ သိရသည်။

မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ (၁)ဦးရှိနေပြီး သတ်မှတ် နေရာတွင် Quarantine ထားရှိကာ ဆေးကုသမှု ခံယူနေလျက်ရှိပြီး လတ်တလော အခြေအနေတွင် ထပ်တိုးအတည်ပြု လူနာနှင့် သေဆုံးသူမရှိကြောင်း၊  မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ အဖွဲ့များ ဒေသတွင်း အသိပညာပေး နှိုးဆော်မှုများကို အပတ်စဉ် နှိုးဆော်ပညာပေးခြင်းနှင့် မြို့တွင်းပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်း များကိုလည်း ပူးပေါင်းဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)