ဒဂုံမြို့နယ်တွင် အသက်(၁၂)နှစ် နှင့် အထက် ကျောင်းသား၊ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

ဒဂုံ နိုဝင်ဘာ ၁၆

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ပြည်လမ်းအရှေရပ်ကွက်၊မြို့မကျောင်းလမ်းရှိအမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် (Sinovac)  ထိုးနှံခြင်းကို ယမန်နေ့ နေ့လယ်(၁၂) နာရီအချိန်ခန့်တွင် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ  ကာကွယ်ဆေးထိုးနှံသည့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေး စစ်ဆေး ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေးဘေစင်နှင့် လက်သန့်ဆေးရည်များကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထားရှိပေးပြီး၊ ဒဂုံမြို့နယ် အတွင်းရှိ အထက်တန်း၊ အလယ်တန်းရှိ အသက်(၁၂)နှစ်နှင့် အထက်ရှိ ကျောင်းသား၊ ကျောင်းသူ (၁၀၁)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် (Sinovac) ကို ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆေးထိုးနှံရာတွင်မလိုလားအပ်သောပြဿနာတစ်စုံတစ်ရာမဖြစ်ပေါ်စေရေးအတွက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဌ ဦးမင်းသူကျော်နှင့်အဖွဲ့ဝင်များက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေး ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပညာရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီ ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဒဂုံမြို့နယ် (ပြန်/ဆက်)