ဒဂုံ နိုဝင်ဘာ ၁၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော်တန်ဆောင်းတွင် ယမန်နေ့နံနက် (၉:၀၀) နာရီအချိန်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကို ပထမအကြိမ်နှင့် ဒုတိယအကြိမ်(Sinopharm) ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆေးထိုးနှံရာတွင် အသက်(၄၅)နှစ်မှ (၅၄)နှစ်အတွင်း ရပ်ကွက်နေ ပြည်သူစုစုပေါင်း (၄၀၅) ဦးကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။ ကာကွယ်ဆေးထိုးနှံရာနေရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွါးမှု မရှိစေရန်အတွက် ဒဂုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသူကျော်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရွှေပြည်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဒဂုံမြို့နယ် (ပြန်/ဆက်)