မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး Talk Show ဆွေးနွေး

မိုင်းလုံ နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုအသိပညာပေး Talk   Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီ ခွဲအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဌေးလင်းဇော် (ဓါတ်ပုံကျွမ်းကျင်- ၂) က Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Book Club)အသင်းဥက္ကဋ္ဌ ဦးစိုင်းသစ်က အမျိုးသား အောင်ပွဲနေ့သည် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူ၊ ရုံးဝန်ထမ်းများ၊ တောင်သူလယ်သမား များကစပြီး တစ်နိုင်ငံလုံး အမျိုးသားရေး စိတ်ဓာတ်နိုးကြားအောင် ဖော်ဆောင်ပေးခဲ့တဲ့နေ့ တစ်နေ့ဖြစ်ကြောင်း၊ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများနှင့် အမျိုးသား အောင်ပွဲနေ့ သမိုင်းကြောင်းကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် အသိပညာပေးဆွေးနွေးပွဲ Talk Show များ၊ Online မှတစ်ဆင့် ပုံပြောအစီအစဉ်၊ စာအုပ်မိတ်ဆက်အစီအစဉ်နှင့် စက္ကူအရုပ်ခေါက်ခြင်း အစီအစဉ်များကို အပတ်စဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)