မိုင်းလုံမြို့တွင် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် စက္ကူအရုပ်ခေါက်ခြင်း ဆောင်ရွက်

မိုင်းလုံ နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူများနှင့် ကလေး‌ငယ်များ အတွက် အသိပညာဗဟု သုတတိုးပွါးစေရန် Online မှတစ်ဆင့် အသိပညာပေးအစီစဉ်များကို ရိုက်ကူး၍ ပြည်သူ့စာကြည့်တိုက် Page များတွင် လွှင့်တင်ဆောက်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ် - ၁၉ ရောဂါကာလအတွင်း စာကြည့်တိုက်သို့ လာ‌ရောက်ရန် အခက်အခဲရှိသူများနှင့် ကျောင်းသား/‌ ကျောင်းသူများအတွက် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ တီထွင်ဖန်တီးနိုင်သည့် အလေ့အကျင့်များရရှိစေရန်၊ စာကြည့်တိုက်ကို အသုံးပြု လာ‌စေရန်ရည်ရွယ်၍ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရောင်စုံစက္ကူများဖြင့် စက္ကူ ပန်းခေါက်ခြင်းကို Online  မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)