ရန်ကုန် နိုဝင်ဘာ ၁၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ ကစီစဉ် ကျင်းပသည့် မကြာမီကျရောက်မည့် (၁၀၁)ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲ များကို ယနေ့နံနက် ၁၀ နာရီတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ စည်းကမ်းချက် များနှင့်အညီ ကျင်းပခဲ့သည်။
အဆိုပါပျော်ပွဲရွှင်ပွဲကျင်းပရခြင်းသည် မြန်မာတစ်မျိုးသားလုံးအတွက်၊ မမေ့သင့် မမေ့ထိုက်သည့် နေ့ထူးနေ့မြတ်များစွာရှိရာ၊ ယနေ့လူငယ်၊ လူရွယ်များအနေဖြင့် မျိုးချစ်စိတ်ဓါတ် ရှင်သန် ထက်မြက်လာပြီး လူရည်မွန်၊ လူရည်ချွန်များပေါ်ထွန်းလာ၍ ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ပြည့်မီပိုမိုမြင့်မားလာစေရန ်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ရာ၊ ဘောလုံးပစ်ပြိုင်တွင် ကလေးငယ်များ ပျော်ရွှင်စွာပါဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရှိရသည်။
ယခုကျင်းပသည့် ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြသော ကလေးငယ်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသာမက၊ (၁၀၁)ကြိမ်မြှောက်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ်၊ ပြပွဲပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိသည်။
အောင်မြင့်(ပြန်/ဆက်)