သုံးခွမြို့နယ်တွင် ကျောင်းအပ်နှံပြီး အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ကာကွယ်ဆေးများထိုးနှံပေး

သုံးခွ နို၀င်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် “ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်း ခင်းများဆီသို့၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် ရန်ကုန် တောင်ပိုင်းခရိုင် သုံးခွမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများမှကျောင်းအပ်နှံပြီးသော အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ များအား   ဒုတိယ အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ယမန်နေ့နံနက် (၉)နာရီအချိန်က အ.ထ.က(၁)ကျောင်း၌ စုရပ်အဖြစ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မြို့ပေါ်ကျောင်းများဖြစ်သော အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က မြို့မကျောင်းနှင့်အ.ထ.က(ခွဲ)ကျောင်းများရှိ အလယ်တန်းနှင့်အထက်တန်း ကျောင်းသား/ကျောင်းသူ များအား အ.ထ.က(၁) ကျောင်းတွင် ဆေးထိုးစုရပ်ဖြင့်ထိုးနှံပေး ခြင်းဖြစ်ပြီးသုံးခွမြို့နယ် အနေဖြင့် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာ အုပ်စုများရှိ ကာကွယ်ဆေးထိုးနှံမည့် စုရပ်(၃၇)ခုဖြင့်   အခြေခံပညာကျောင်း (၄၈)ကျောင်းမှ အသက် (၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ(၄၆၃၇) ဦးတို့အား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac)ထိုးနှံ ပေးပြီးကြောင်းနှင့် ဒုတိယ အကြိမ် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးပေးခြင်းကို ယမန်နေ့အထိကျောင်းသား/ကျောင်းသူ (၁၉၇၈)ဦး ထိုးနှံပေးခဲ့ ပြီးဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ ကာကွယ်ဆေးထိုးရန် ကျန်ရှိ နေသော ကျောင်းသား/ကျောင်းသူများအား ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။

သုံးခွမြိုနယ်တွင် အခြေခံပညာအ.ထ.က ကျောင်း(၁၀)ကျောင်း၊ အ.ထ.က(ခွဲ)(၁၀)ကျောင်း၊ အ.လ.က(၉)ကျောင်း၊ အ.လ.က(ခွဲ)(၉)ကျောင်း၊  မူလွန်(၁၀)ကျောင်း၊ အ.မ.က(၉၇)ကျောင်း၊ အ.မ.က(ခွဲ)(၁)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၆)ကျောင်း၊ စုစုပေါင်း(၁၅၂)ကျောင်း ရှိကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်