အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြသ

သိန္နီ နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် အများပြည်သူများ အား အသိပညာပေးလုပ်ငန်းများအား အွန်လိုင်းမှတစ်ဆင့် သော်လည်းကောင်း၊ ပြည်သူထံသို့ တိုက်ရိုက်သော်လည်းကောင်း စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ နိုဝင်ဘာ(၂၈)ရက်နေ့တွင်ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နံရံကပ်စာ စောင်ပြသခြင်းအား ယနေ့နံနက် (၁၀) နာရီ အချိန်က Community Centre ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်ပြဘုတ်တွင် ကျွန်ပညာရေး စနစ်အား စတင်သပိတ်မှောက်ရန် မျိုးချစ် ကျောင်းသားများ၏ ဓါတ်ပုံများ၊ ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့သော အမျိုးသားပညာဝန်များ၊ ကျောင်းသား သပိတ် စတင်တော်လှန်ရာ တွင် တံဆိပ်ခေါင်းဓါတ်ပုံ၊ အမျိုးသားနေ့နှင့်ပတ်သက်သည့် ပန်းချီ၊ ကာတွန်းများ၊ ကဗျာ၊ ဆောင်းပါးများ၊ အမျိုးသားအောင်ပွဲနေ့ပေါ်ပေါက် ပုံသမိုင်းကြောင်းတို့ကို ပြည်သူများ စိတ်ပါဝင်စားစွာ ကြည့်ရှုနိုင်စေရန် ရည်ရွယ်၍ ပြသခြင်း ဖြစ်ကြောင်း သိရသည်။

အိဇာချို(ပြန်/ဆက်)