တောင်သာမြို့နယ် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်သာ နိုဝင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး  မြင်းခြံခရိုင်  တောင်သာမြို့နယ်တွင်  ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို  ယနေ့ နံနက်(၉)နာရီအချိန်က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဥက္ကဋ္ဌဦးဟန်သူရမှလုံခြုံရေး ကိစ္စများ၊ မြို့တွင်းသန့်ရှင်းသာယာလှပရေးကိစ္စရပ်များ၊ အသက်(၁၂)နှစ်အထက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများနှင့် လျှပ်စစ်ဓာတ်အားခပေးခြေမှုကို   အွန်လိုင်းမှတဆင့်ပေးချေနိုင်ရေး၊စားသောက်ဆိုင်များအား  ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီဖွင့်လှစ်နိုင်ရေးတိုကိုဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့နောက်   ဌာနဆိုင်ရာတာဝန်ရှိသူများ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများက   မိမိတို့၏လုပ်ငန်း ဆောင်ရွက်ချက်များကို  ဆွေးနွေးတင်ပြပြီး  မြို့နယ်အုပ်ချုပ်ရေးမှူးမှ လိုအပ်ချက်များကိုပူးပေါင်းပါဝင်ဆောင်ရွက်သွာကြရန်တိုက်တွန်းပြောကြားခဲ့ကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)