ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဒေါပုံ နိုဝင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  စာအုပ်စာပေချစ်မြတ်နိုးသူများ  ပိုမိုတိုးပွားလာ စေရန်၊ အတွေးအခေါ် အသိအမြင်များ အချင်းချင်း  ဖလှယ်တတ်စေရန်၊ စာပေမှရရှိသော  အသိအမြင်၊ ဗဟုသုတများကို  အသုံးချတတ်လာစေရန်  ရည်ရွယ်၍ လူငယ်များကို ပျိုးထောင်ပေးပါ   စာအုပ်ဖြင့်   ယနေ့ နံနက်  ၁၀ နာရီအချိန်က လူထု အခြေပြုဗဟိုဌာန ( Community  Centre)  ခန်းမ၌  စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ဒုတိယဦးစီးမှူးက  စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခြင်းအားဖြင့် စာဖတ်သည့် အလေ့အထရရှိ စေခြင်း၊  အသိပညာဗဟုသုတများ  ပိုမိုတိုးပွားလာ ခြင်း၊  စာပေမှရရှိသာ  ဗဟုသုတများကို   လူမှုပတ်ဝန်းကျင်တွင်  အသုံးချတတ်လာခြင်း၊ စာပေဖတ်ရှု ခြင်းဖြင့်   မိမိကိုယ်ကို ယုံကြည်မှုရှိပြီး  အမှားအမှန်ကို   ဝေဖန်ပိုင်းခြားနိုင်ခြင်း  စသည့်ရည်ရွယ်ချက် များကို  ရှင်းလင်းပြောကြားပြီး  တက်ရောက်လာ သော   စာအုပ်စာစောင် ချစ်မြတ်နိုးသူများက   စာရေး ဆရာ နတ်သျှင်(ရွှေဂူ) ရေးသားသော လူငယ်များကို ပျိုးထောင်ပေးပါ စာအုပ်တွင် ပါရှိသော ခေါင်းစဉ်များအလိုက် အကြောင်းအရာများနှင့် ပတ်သက်၍ ၄င်းတို့၏ အတွေး၊ အသိ၊ အမြင်များကို အသီးသီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့် လည်းကောင်း၊ စာပေ ဝါသနာရှင်များနှင့် လည်းကောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြု ဗဟိုဌာနခန်းမတွင် လစဉ်ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)