မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန ်ကျန်ရှိသူများအား ပထမအကြိမ် ဆက်လက် ထိုးနှံပေး

မိတ္ထီလာ နိုဝင်ဘာ ၁

မိတ္ထီလာမြို့နယ်အတွင်းရှိ ကိုဗစ်၁၉ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသော ဒေသခံပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါကာကွယ်ဆေးများ ပထမအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင်  အောင်ဆန်းရပ်ကွက်တွင် ၅ဝဝ ဦး ၊ ဆပ်ပြာကျင်းကျေးရွာအုပ်စုတွင် ၅ဝဝ ဦး၊ သရက်ပင်ကျေးရွာ အုပ်စု တွင်၆ဝဝ ဦး၊ ဆည်အောင်ကျေးရွာအုပ်စုတွင် ၄ဝဝ ဦး၊ တောမကျေးရွာအုပ်စုတွင် ၇ဝဝ ဦး၊ ရှမ်းမငယ် ကျေးရွာအုပ်စုတွင် ၅ဝဝ ဦး၊ အရှေ့ပြင်စျေးရပ်ကွက်နှင့် သီရီမင်္ဂလာရပ်ကွက်တွင် ၅ဝဝ ဦး၊ မြင်းကန် ကျးရွာ အုပ်စုတွင် ၇ဝဝ ဦး စုစုပေါင်း ဒေသခံပြည်သူ   ၄၄ဝဝ ဦးအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးခြင်းဖြစ်သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချမ်းသာ