မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ(အမျိုးသား/အမျိုးသမီး)ဘောလီဘောပြိုင်ပွဲဖွင့်ပွဲကျင်းပ

မန္တလေး         နိုဝင်ဘာ  ၁၆

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ(အမျိုးသား/အမျိုးသမီး) ဘောလီ ဘော ပြိုင်ပွဲဖွင့်ပွဲကို မန္တလေးမြို့၊ချမ်းမြသစည်မြို့နယ်၊မန္တလာသီရိအားကစာကွင်းရှိ(MultiPurpose Stadium) တွင် ယနေ့ နံနက် ၈ နာရီ ခွဲက ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုမှ အဖွင့်မိန့်ခွန်း ပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများက  အားကစား သစ္စာဓိဋ္ဌာန်ရွတ်ဆိုကြသည်။ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမား အား လိုက်လံနှုတ်ဆက်ကာ အမှတ်တရလက်ဆောင်များ ပေးအပ်သည်။၎င်းနောက် ခရိုင်ပေါင်းစ (အမျိုးသား/အမျိုးသမီး) ဘောလီဘောပြိုင်ပွဲများအား  ကျင်းပသည်။

အဆိုပါ ပြိုင်ပွဲကို နိုဝင်ဘာ ၁၆ မှ နိုဝင်ဘာ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်(၇)ခရိုင် မှ အမျိုးသားပြိုင်ပွဲဝင်အသင်း(၇)သင်း၊အမျိုးသမီးပြိုင်ပွဲဝင် အသင်း(၇) သင်းတို့က ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး အစိုးအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)