မက်မန်း နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒုတိယအကြိမ်မြစိမ်းရောင်စီမံကိန်းချေးငွေများ ထုတ်ချေးခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က အေးကျန့်ကျေးရွာအုပ်စု အေးကျန့်ကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြစိမ်းရောင်စီမံကိန်းလုပ်ငန်းမှ ချေးငွေ များကို အေးကျန့်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ (၇) ဦး မွေးမြူရေးလုပ်ကိုင်သူ (၇) ဦး၊ အရောင်းအဝယ် လုပ်ကိုင်သူ (၂) ဦး၊ စုစုပေါင်း (၁၆) ဦးတို့အား ရန်ပုံငွေကျပ် (၂၉၆.၅) သိန်း တိတိထုတ်ချေးပေးခဲ့သည်။
အဆိုပါ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းကို မက်မန်းမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခေတ္တခရိုင်ဦးစီးမှူး ဦးတင်ဆူးနှင့် မြို့နယ်ဦးစီးမှူး ဦးမိုင်းညီဇော်လှအောင်တို့က ကျေးရွာများအထိ ကွင်းဆင်း ထုတ်ချေးပေးလျက် ရှိကြောင်း သိရသည်။
သန်းမြတ်စိုး (IPRD)