မြစ်ကြီးနား နိုဝင်ဘာ ၁၆
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့ကျရောက်မည့် (၃၂)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ်အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၁) မူလတန်းကြိုကျောင်း စမ်းသီတာခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကချင်ပြည်နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ကလေးသူငယ်များအားလုံး အခွင့်အရေး အပြည့်အဝရရှိ ခံစားနိုင်စေရေးနှင့် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများမှ ကာကွယ်နိုင်ရန် ကဏ္ဍအသီးသီးမှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် (၃၂)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ်နေ့အား ဂုဏ်ပြုသောအားဖြင့် မေတ္တာရင်ခွင် ပရဟိတဂေဟာမှ ကလေး သူငယ် များက တို့ချစ်တဲ့ကမ္ဘာ သီချင်းဖြင့်လည်းကောင်း၊ မျက်မမြင်ကျောင်းမှ ကလေးသူငယ် များက မေတ္တာစက်ဝိုင်း သီချင်းဖြင့် လည်းကောင်း၊ မေတ္တာရိပ်မြှုံ ပရဟိတဂေဟာမှ ကလေး သူငယ်များက အရှုံးမပေးကြေး သီချင်းဖြင့် လည်းကောင်း သရုပ်ဖော်ကပြသီဆို ဂုဏ်ပြု ခဲ့ကြသည်။
ယင်းနောက် တေးသရုပ်ဖော်နှင့် သီဆိုဂုဏ်ပြုဖျော်ဖြေပေးခဲ့ကြသည့် ကလးသူငယ်များအား ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)