မိုင်းငေါ့ နို၀င်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ဌာနဆိုင်ရာ စုပေါင်းမဟာ ဘုံကထိန်နှင့် ကံထပ်အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က မိုင်းငေါ့ မြို့ မန်ကောင်းရပ်ကွက် ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တက်ရောက်လာကြသော ဧည့်ပရိတ်သတ်အပေါင်းက နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မန်ကောင်းကျောင်းဆရာတော် ဦးဣန္ဒာဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး မိုင်းငေါ့မြို့ မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးကြည်စိုးအောင်နှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မန်ကောင်း ရပ်ကွက်သူ ရပ်ကွက်သားများ၊ အလှူရှင်များက ဆရာတော် သံဃာတော်များထံ ကထိန်လျာ၊ ဉာတ်သင်္ကန်း၊ အခြံအရံသင်္ကန်းနှင့် လှူဖွယ်၀တ္ထုများကို မိုင်းငေါ့မြို့ပေါ် ရပ်ကွက်/ကျေးရွာများရှိ ကျောင်းပေါင်း(၁၈)ကျောင်းမှ ပင့်သံဃာ အပါး (၂၀) ပါးအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ ကထိန်အလှူတော်မင်္ဂလာတွင် ဌာနဆိုင်ရာများမှ စုပေါင်းလှူဒါန်းငွေ ကျပ် (၂၄)သိန်း၊ မန်ကောင်း ရပ်ကွက်သူ၊ ရပ်ကွက်သား များမှ စုပေါင်းလှူဒါန်းငွေကျပ် (၃၀)သိန်း စုစုပေါင်း (၅၄)သိန်း လှူဒါန်းခဲ့ကြပြီး မန်ကောင်း ကျောင်းဆရာတော် ဦးဣန္ဒာဝံသအား ကံထပ်မင်္ဂလာ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့၊ပြန်/ဆက်)