ကျိုင်းတုံ နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ဆေး အလုံးရေ ၂၉၁ လုံးနှင့် ဆေးထိုးအပ် များကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ပို့ဆောင်ပေး ခဲ့ရာ ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က ရောက်ရှိခဲ့သည်။
တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်လာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac အမျိုးအစား အလုံးရေ ၂၉၁ လုံးနှင့်အတူ ဆေးထိုးအပ် ၃၀၅၆၀ ချောင်း ကျိုင်းတုံမြို့သို့ ရောက်ရှိခဲ့ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလင်းထွဋ်ဦးနှင့် တာဝန်ရှိသူများက ကြိုဆိုလက်ခံ ကြသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac အမျိုးအစားသည် တစ်လုံးလျှင် လူဦးရေ ၂ ဦး ထိုးနှံ ပေးနိုင်ပြီး ရောက်ရှိလာသည့် ကာကွယ်ဆေးနှင့် ဆေးထိုးအပ်များကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ မြို့နယ်များအလိုက် ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်လက် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)