ညောင်ဦး နိုဝင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနက ၁၀၁ နှစ်မြေက် အမျိုး သားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမာ ကျောင်းသား၊ ကျောင်းသူများအသိပညာ ဗဟုသုတ တိုးပွားစေရန်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များသို့ လာရောက် စာဖတ်/ စာအုပ်ငှားသည့် အလေ့အကျင့် ကောင်းများ ရရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မား လာစေ ရန်၊ အမျိုးသားအောင်ပွဲနေ့သမိုင်းအား ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန်ရည်ရွယ်၍ ကျောင်းသား၊ ကျောင်းသူများအား ဖိတ်ခေါ်ပြီး ဟောပြောဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ် Book Club အဖွဲ့ ဥက္ကဋ္ဌကလည်း အမျိုးသားအောင်ပွဲနေ့ သန္ဒိဌာန်၊ အမျိုးသား အောင်ပွဲနေ့ ဦးတည် ချက်များနှင့် အမျိုးသားအောင်ပွဲနေ့ သမိုင်း ကြောင်းများကို ရှင်းလင်းဟော ပြောခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ ညောင်ဦးမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD