မိုင်းဖြတ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာ​ပေးလုပ်ငန်းများ ဆက်လက်​ဆောင်ရွက်

မိုင်းဖြတ် နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုများကို ထိန်းချုပ်နိုင်ရေး အတွက် အသိပညာ​ပေးလုပ်ငန်းများ​ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ​ဟောင်ဟင်ကျေးရွာနှင့် ပါညု​ကျေးရွာတို့၌ Han Speaker ဖြင့် အသိပေး နှိုးဆော်ခဲ့သည်။

ထိုသို့ အသိပေးပညာ​ပေးနိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး နည်းလမ်းများဖြစ်သည့် လက်ကိုဆပ်ပြာဖြင့်  စနစ်တကျဆေးကြောရေး၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရေး၊ တက်နိုင်သမျှ နေအိမ်ထဲမှာသာနေထိုင်ရေး၊ မဖြစ်မနေအပြင်သို့ ထွက်ရပါ နှာခေါင်းစည်း (Mask) တပ်ဆင်ရေး၊ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ် ထိန်းချုပ်ရာတွင် ပူးပေါင်းဆောင်ရွက်ရေးစသည့် အချက်များကို ရှမ်း/မြန်မာနှစ်ဘာသာဖြင့် အသိပေးနှိုးဆော်ခဲ့သည်။

ထို့နောက် မြို့နယ်အတွင် ကိုဗစ်-၁၉​ရောဂါ ကူးစက်ပြန့် ပွား​နေမှုများ ပြတ်​တောက်သွားသွား​စေ​ရေးအတွက် ကျန်းမာ​ရေးဝန်ထမ်း များ၊ လူမှု​ရေးအသင်းဖွဲ့များပူး​ပေါင်းပြီး ကိုဗစ်- ၁၉​ရောဂါ ရှီ/မရှိ (အခမဲ့) စစ်​ဆေး​ပေးရာ၌ လာ​ရောက်စစ်​ဆေး ​ပေးနိုင်​ရေးတို့ကို ​ အသိ​ပေးနှိုး​ဆော်ခဲ့​ကြောင်း သိရသည်။

​သန်းထွန်း​အေး