မိုင်းယန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

မိုင်းယန်း နိုဝင်ဘာ ၁၆

ဝန်ထမ်းများစာဖတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မား တိုးတက်လာစေရန်အတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က  “နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး “နိုင်ငံ့ဝန်ထမ်းများ ထားရှိရမည့် စံတန်ဖိုးသတ်မှတ်ချက်များ” ခေါင်းစဉ်ဖြင့်  ဖတ်ကြား ဆွေးနွေးခဲ့‌သည်။

ထို့နောက် “နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ” စာအုပ်ပါ အကြောင်းအရာများ ဖြစ်သည့် အခန်း(၃) ပြည်သူဗဟိုပြု နိုင်ငံ့ဝန်ထမ်းများဖြစ်လာစေရန် ကတိကဝတ်ပြုခြင်း၊ အခန်း (၄) လုပ်ငန်းတာဝန်များကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် တိကျမှန်ကန်မြန်ဆန် ထိရောက်စွာ ဆောင်ရွက်ခြင်း၊ အခန်း(၅) ဆန်းသစ်တီထွင်နိုင်မှုနှင့် ယှဉ်ပြိုင်နိုင်မှု စွမ်းရည်ရှိခြင်း၊ အခန်း(၆) ရိုးသားဖြောင့်မတ်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်းနှင့် ယုံကြည်ထိုက်ခြင်း စသည့်ခေါင်းစဉ်များကို တက်ရောက်လာသည့် ဝန်ထမ်းများက အလှည့်ကျဖတ်ကြားခြင်း၊ ရှင်းလင်းဆေွးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြာင်း သိရသည်။

ထွန်းထွန်းထူး