သထုံခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်းကထိန်လျာသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲကျင်းပ

သထုံ    နိုဝင်ဘာ    ၁၆

 

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ စေတနာရှင်များစုပေါင်းကာ ဒဿမအကြိမ်မြောက် စုပေါင်းကထိန်လျာသင်္ကန်း ဆပ်ကပ်လှုဒါန်းပွဲကို နိုဝင်ဘာလ ၁၆ ရက်၊ နံနက် ၉ နာရီက သထုံမြို့ ရွှေစာရံစေတီဝင်းအတွင်းရှိ သုဝဏ္ဏဘူမိ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်‌မောင်မောင်နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ၊ သထုံမြို့ ဓမ္မမေဒနီစာသင်တိုက် ပဓာနနာယက ဆရာတော် အရှင်ဉာဏော သူရိယထံမှ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်အပေါင်းတို့က သီလ ခံယူဆောက် တည်ကြပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ချိုက စုပေါင်းကထိန်လျာသင်္ကန်း ဆပ်ကပ် လှူဒါန်း ရခြင်းနှင့်စပ်လျဉ်း၍ သာသနာရေး‌ဆိုင်ရာ ဆောင်ရွက်ချက်များကို တင်ပြလျှောက်ထားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ယခုနှစ်ကထိန်ခင်းရန်အလှည့်ကျသညိ့ ဂေါ့တောင ်တန်းပေါ်ရှိ ရွှေဥဒေါင်းကျောင်းတိုက် ဆရာတော်ထံ ကထိန်လျာ ဉာတ်သင်္ကန်းတော်ကို ဆပ်ကပ် လှူဒါန်း‌ပေးပြီး ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တက်ရောက်လာကြ သူတို့က ကျောင်းတိုက်အသီးသီးမှ သံဃာတော်များအား ကထိန်လျာသင်္ကန်းများ နှင့် လှူဖွယ်များကို ဆပ်ကပ် လှူဒါန်းကာ ငွေကျပ် ၅၂ သိန်းကျော် တန်ဖိုးရှိ ပဒေသာပင်များကို ကျောင်းစဉ်အလိုက် စာရေးတံမဲဖောက် လှူဒါန်းပေးခဲကြကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)