မိုင်းပန် နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု လျော့ကျစေရေးအတွက် အသိပညာပေးနှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ (၄) နာရီအချိန်က မိုင်းပန်မြို့ပေါ် ရပ်ကွက်ရှိ နေအိမ် လမ်းကြားများတွင် Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ယင်းသို့ နှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေနေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း (mask) ကို စနစ်တကျတပ်ဆင်ရန်၊ အိမ်တွင်ဧည့်သည်များအား လက်ခံခြင်းမပြုရန်၊ နှာခေါင်းစည်း mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွား လာခြင်းများကို ရှောင်ကြဉ်ရန်၊ အပြင်မှပြန်လာသောအခါ (mask) များကို စနစ်တကျ စွန့်ပြစ်ရန်၊ လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် ဆေးရန်နှင့် မိမိတို့နေ့အိမ်၌ဖျားနာခြင်း၊ အနံ့မရခြင်းနှင့်ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန်နှင့် မိဘပြည်သူများမှကိုယ်စီလိုက်နာပြီး ပူးပေါင်းပါ၀င်ကြရန် စသည့် ကျန်မာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား မြန်မာဘာသာနှင့် ရှမ်းဘာသာနှစ်မျိုးဖြင့် လှည့်လည်တိုက်တွန်း နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းပန်မြို့နယ်တွင် ယနေ့ထိ အတည်ပြုလူနာ (၅၉၉)၊ သေဆုံးလူနာ(၁၀)ဦးနှင့် ကုသဆဲလူနာ (၂၇) ဦးကျန်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)