မလှိုင်မြို့နယ်၌ အစည်းဝေးနှင့် အစည်းဝေးမှတ်တမ်း‌ရေးသားနည်း (Meeting and Meeting Minutes ) သင်တန်း ဖွင့်လှစ်

မလှိုင် နိုဝင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ ကျေးရွာအုပ်စု စာရေး ဝန်ထမ်းများ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျဖြစ်စေ‌ရေးအတွက် အစည်းဝေးနှင့် အစည်းဝေး မှတ်တမ်း‌ရေးသားနည်း (Meeting and Meeting Minutes) သင်တန်းကို ယမန်နေ့က မြို့နယ် အထွေထွေ အုပ်ချုပ်‌ ရေးဦးစီးဌာန  အစည်းဝေးခန်းမ၌  ဖွင့်လှစ်ပို့ချ ဆွေးနွေးခဲ့ကြောင်း သိရသည် ။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က  Meeting   and   Meeting  Minutes  သင်တန်း ဖွင့်လှစ်ပို့ချ ရသည့် ရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားပြီး သင်တန်းကို  ဆက်လက် ပို့ချပေးခဲ့သည်။ အဆိုပါ  သင်တန်းတွင် Definition  of Meeting၊ အစည်းဝေးတစ်ခု ကျင်းပရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဖိတ်ကြားခြင်းနှင့် အစီအစဉ်ရေး ဆွဲခြင်းများ၊  အစည်းဝေးကျင်းပရန် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အစည်းဝေး မှတ်တမ်းရေးသားနည်းနှင့် အစည်းဝေးမှတ်တမ်း ရေးသားရာတွင် ပါဝင်ရမည့် အချက်အလက်များ‌‌၊ အစည်းဝေး မှတ်တမ်း ဖြန့်ဝေခြင်းဆိုင်ရာများနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးပို့ချပေးခဲ့သည်။

သင်တန်းသို့ ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၅၆)အုပ်စုမှ စာရေးဝန်ထမ်းများ၊ မြို့ပေါ်ရုံး စာရေးဝန်ထမ်းများ နှင့် အခြား စိတ်ပါ ဝင်စားသူများအပါဝင် စုစုပေါင်း (၈ဝ) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)