မြေပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “လူငယ်နှင့် အနာဂတ် ဘဝမြှင့်တင်ရေး ဆောင်းပါးများ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

မြေပုံ    နိုဝင်ဘာ       ၁၆

 

စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များစုစည်း၍ စာရေးဆရာ မောင်မိုးယံ၏ “လူငယ်နှင့် အနာဂတ်ဘဝမြှင့် တင်ရေး ဆောင်းပါးများ စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြေပုံမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်း ညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပသည်။

ရှေ့ဦးစွာ မြေပုံမြို့နယ် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက စာအုပ် တစ်အုပ်ရဲ့အပေါ်မှာ တစ်ဦးနှင့်တစ်ဦးမတူညီတဲ့ အတွေးအမြင်သစ်တွေ၊ စာအုပ်မှရရှိ သော အသိပညာဗဟုသု တလေး တွေကို တစ်ဦးနှင့်တစ်ဦး မျှဝေနိုင်ရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်နှင့်လည်း ရင်းနှီးကျွမ်း ဝင်မှု ပိုမိုရရှိလာစေရန်ရည်ရွယ်၍ စာအုပ်စာပေ ဝါသနာပါသူ အဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ “လူငယ်နှင့် အနာဂတ်ဘဝမြှင့်တင်ရေး ဆောင်းပါးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းအားကျင်းပရာ (Book Club)အဖွဲ့ဝင် များဖြစ်ကြသည့် မခင်မိုးနွယ် က“လူငယ်နှင့် ခရီးသွားခြင်း ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့် လည်းကောင်း၊ မတင်တင်လင်းက “လူငယ်နှင့် ပရဟိတ စိတ်ဓါတ်”  ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့်လည်းကောင်း၊ မောင်ကျော်လင်းနိုင် က “လူငယ်နှင့် လူမှုဆက်ဆံရေး ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့် လည်းကောင်းအသီးသီး ဆွေးနွေးကြသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)