မောင်တော နိုဝင်ဘာ ၁၆
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ ပထမအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်ကို နိုဝင်ဘာ ၁၅ ရက် နေ့လယ် ၁ နာရီအချိန် သာသာနာ့ဗိမာန်တော်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော်သံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး နှင့်အဖွဲ့ဝင်များ ၊မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်အဖွဲ့ဝင် များ၊ဌာနဆိုင်ရာ ဧည့်ပရိတ်သတ် များ က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ထို့နောက် မောင်တောမြို့ (၃)မိုင်ပရဟိတ နှင့် ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်း ၊မြို့နယ်သံဃနာယက အကျိုးတော်ဆောင် ၊ဆရာတော် ဘန္ဒန္တစန္ဒာ သီရိ အရှင် သူမြတ်ထံမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး အမှူးပြုသော ဧည့်ပရိတ်သတ် များက ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များက မေတ္တသုတ် အစရှိသော ပရိတ်တရားတော် များ ရွတ် ပွား ချီး မြှင့်တော် မူကြသည်။
ယင်းနောက် ဆရာတော် သံဃာ တော် အရှင်သူမြတ်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ အလှူဒါယိကာမ ဒေါ်ခင်စန္ဒာဝင်း(ခင်စန္ဒာ စိန်ရွှေရတနာဆိုင် နှင့် စန္ဒာပိုးထည် တိုက်) တို့မှ (၃)ပရဟိတ နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၊မြို့နယ်သံဃနာယက အကျိုးတော်ဆောင်၊ဆရာတော်ထံသို့ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တို့ ဦးဆောင်သော အဖွဲ့များ က ဆရာတော် သံဃာတော်များထံသို့ ကထိန်သင်္ကန်းများအား ဆက်ကပ်လှူဒါန်းခြင်း နှင့် ဘူးသီး တောင်မြို့ မြစိမ်း ရောင် ကျောင်း၊ ဒေါ်သုမာလာစာရီထံ အလှူဒါယာကာမ ဒေါ်ခင်စန္ဒာဝင်း (ခင်စန္ဒာ စိန်ရွှေရတနာ ဆိုင် နှင့် စန္ဒာပိုး ထည် တိုက်)မှ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များနှင့် အလှူရှင်များ လှူဒါန်းကြသည့် ပဒေသာပင်များကို မောင်တောမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ မှ ဦးဆောင်၍ မဲဖောက်ဆက် ကပ်လှူဒါန်းခဲ့ကြသည်။ဆက်လက်၍ အောင်မြေဗောဓိသာသနာ့ ရိပ်သာ (အလိုတော်ပြည့်)ကျောင်း ၊ မြို့နယ်သံဃနာယကအဖွဲ့ဝင် ၊ဆရာတော် ဘဒ္ဒန္တ မဏိသာရ (မဟာသဒ္ဓမ္မ ဇောတိ ကဓဇ) အရှင်သူမြတ်ထံမှ ဧည့်ပရိတ်သတ် များက ကထိန် အနုမော ဒနာတရားနာယူပြီး လှူဒါန်းမှု အစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ကြ သည်။ ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာ သနံစိရံတိဠတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုတ်သိမ်း ကြပြီး မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး နှင့်ဇနီး ဒေါ်ခင်စန္ဒာဝင်းတို့မှ ပထမအကြိမ် စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အောင်မြင်သည့် အထိမ်းအမှတ်အဖြစ် ရတနာ ရွှေမိုး ၊ငွေမိုး များ ရွာသွန်းဖြိုးခဲ့သည်။
အဆိုပါ ကထိန်အလှူတော်မင်္ဂလာပွဲတွင် မောင်တောမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၉၂) ကျောင်း အတွက် ပဒေသာပင်(၉၂)ပင်ရှိ ပစ္စည်းတန်ဖိုးမှာ (၉၆၄၃၀၀၀)ကျပ် နှင့် ငွေသားတန်ဖိုးမှာ (၂၀၂၂၇၂၀၀)ကျပ်ဖြစ်ပြီး စုစု ပေါင်း တန်ဖိုးမှာ (၂၉၈၇၀၂၀၀)ကျပ်တိတိ ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်(ပြန်/ဆက်)