ပူတာအိုမြို့၌ စိတ်ပြင်ခြင်းအနုပညာစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ပူတာအို နို၀င်ဘာ ၁၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ "ဦးမင်းသန်းထိုက်"ရေးသားထားသည့် "စိတ်ပြင်ခြင်းအနုပညာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုယမန်နေ့ မွန်းလွဲ(၁) နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် ၀န်ထမ်းများ စာဖတ်သည့်အလေ့အထများ တိုးပွားလာစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထများ မြင့်မားလာစေရန်နှင့် အသိပညာပေးလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် စာရေးဆရာ မင်းသန်းထိုက်ရေးသားသည့် စိတ်ပြင်ခြင်း အနုပညာစာအုပ်မှ ဒုတိယဦးစီးမှူး ဦးနောယော်ဘော်က "အလုပ်ကို ဘယ်လိုလုပ်မလဲ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရုပ်သံ-၃ ဒေါ်အားဒူးက" ကျွန်တော်နှင့်စာအုပ်စင်ကလေး" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရုပ်သံ-၃ ဦးချန်းဒီးရမ်က "တောင်းပန်ခြင်း၊ ယဉ်ကျေးမှု"၊ အငယ်တန်းစာရေး ဦးဖုန်မလေဖုန်ဆားရ်က "အမှုထမ်းကောင်း"ဟူသော ခေါင်းစဉ်မှ အကြောင်းအရာများကို လည်းကောင်း အသီးသီး ဖတ်ရှုဆွေးနွေးခဲ့ကြောင်း သိရသည်။

နောယော်ဘော်