မတ္တရာမြို့နယ်၌ ပြည်သူ ၅၃၄၁၉ ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်

မတ္တရာ     နိုဝင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၁၈ နှစ်ပြည့်ပြီး ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းကို နိုဝင်ဘာ ၁၄ ရက်နေ့က အ.ထ.က (မတ္တရာ) အောင်ဆန်းခန်းမနှင့် ကျေးရွာများရှိ ဆေးထိုးစုရပ်များတွင် ဆက်လက်ဆောင်ရွက်ခဲ့သည်။

ထိုသို့ကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီး၍ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်မှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။

မတ္တရာမြို့နယ်တွင် နိုဝင်ဘာလ ၁၄ ရက်နေ့အထိ ပြည်သူ (၅၃၄၁၉) ဦးအား ပထမအကြိမ် နှင့် (၃၄၄၉၄)ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးများထိုးနှံပေးပြီးကြောင်းနှင့် ဆေးထိုးရန် ကျန်ရှိနေသူများကိုလည်း ဆက်လက် ထိုးနှံပေး သွားမည်ဖြစ်ကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)