မတ္တရာ နိုဝင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၁၈နှစ်ပြည့်ပြီး ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းကို နိုဝင်ဘာ ၁၅ ရက်နေ့က အ.ထ.က (မတ္တရာ) အောင်ဆန်းခန်းမနှင့် ကျေးရွာများရှိ ဆေးထိုးစုရပ်များတွင် ဆက်လက် ဆောင်ရွက်ခဲ့သည်။
ထိုသို့ကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီး၍ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်မှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။
ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ၆၁၀ ဦးအား ပထမအကြိမ်နှင့် ၁၅၀၀ ဦးအား ဒုတိယအကြိမ် ထိုးနှံပေးခဲ့ပြီး ယနေ့အထိ ပြည်သူ (၅၄၀၂၉)ဦးအား ပထမအကြိမ် ထိုးနှံပေးခဲ့ပြီး (၃၅၉၉၄)ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးပြီးကြောင်းနှင့် ဆေးထိုးရန် ကျန်ရှိနေသူများ ကိုလည်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ် ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)