ကျောက်ဆည် နိုဝင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့နံနက် (၉)နာရီက (၁၀၁)နှစ်မြောက် အမျိုးသားနေ့အောင်ပွဲအကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများ၊ အမျိုးသား ညီညွှတ်ရေးဆိုသည်မှာ၊ အမျိုးသားရေး တာဝန်များ စသည့်အကြောင်းအရာများကို ဟောပြောခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ၊ စာရေးဆရာ (မောင်ခိုင်ကျော်-ကျောက်ဆည်)က ရန်ကုန်တက္ကသိုလ် အက်ဥပဒေများအကြောင်း၊ ရန်ကုန်ယူနီဗာစီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၀)ဦးအကြောင်း၊ အမျိုးသားပညာရေးအကြောင်း များကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ အသိပညာပေးဆွေးပွဲ ကျင်းပခြင်း၊ ဟောပြောပွဲ ကျင်းပပြုလုပ်ခြင်းများအပြင် ပုံပြောပြိုင်ပွဲများ၊ ကဗျာရွတ်ဆို ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)