ငါန်းဇွန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပြည်သူများလိုက်နာဆောင်ရွက်ရန် လှည့်လည် အသိပေးနှိုးဆော်

ငါန်းဇွန်   နိုဝင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ပြန့်ပွား တွေ့ရှိမှုနှုန်း လျော့နည်း စေရန် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော စည်းကမ်းချက်များအား ပြည်သူများလိုက်နာရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး ဝန်ထမ်းများက ယနေ့နံနက် ၇ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည် အသိပေး နှိုးဆော်ကြောင်း သိရသည်။

ထိုသို့လှည့်လည်အသိပေးနိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အတွက် မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ရန်၊ ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြရန်နှင့် မိမိတို့ကလည်း အခြားသူများ ထံ သွားရောက်ခြင်းမပြုကြရန်၊ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရန်၊  အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ လက်ကို ဆေးကြောခြင်းမပြုဘဲ ပါးစပ် နှာခေါင်းနှင့် မျက်စိကို ပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုကြရန်၊ လေဝင် လေထွက် မကောင်းသောအခန်းများ သွားလာခြင်းမှ ရှောင်ကြရန်၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါ ခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင် ကြောင်း၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြရန်၊ ကာကွယ်ဆေးများကိုလည်း အကြိမ်ပြည့်ထိုးနှံကြရန်နှင့် ကာကွယ်ဆေးထိုးပြီးသော်လည်း ရောဂါကာကွယ်ရေး နည်းလမ်းများ ကို လိုက်နာကြပါရန် စသည့် ဆောင်ရန်/ရှောင်ရန်အချက်များနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအပေါ် ပြည်သူသို့ အသိပေးချက် မြန်မာ၊ ရှမ်း(နှစ်ဘာသာ)ဖြင့် မိဘပြည်သူများ သိရှိစေရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး (ငါန်းဇွန်)