နေပြည်တော် နိုဝင်ဘာ ၁၅
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ တပ်ကုန်း မြို့နယ်အတွင်းရှိ ညောင်လွန့်ပူးပေါင်းစစ်ဆေးရေးဂိတ်၊ အမှတ်(၅)လမ်းဆုံ (ခမရ-၁၀၉) ပူးပေါင်းစစ်ဆေး ရေးဂိတ်၊ တပ်ကုန်းမြို့နယ် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီး၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံး၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ မဟာသီဟနာဒ ဘုန်းတော်ကြီး ကျောင်းတွင်လှူဒါန်းခြင်း၊ ကင်းသာပူးပေါင်းစစ်ဆေးရေး ဂိတ်တို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းနှင့် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း ၇၅၇ ကျောင်းတို့ အား Hand Gelများ ထောက်ပံ့ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်အတွင်းရှိ ညောင်လွန့်ပူးပေါင်း စစ်ဆေးရေးဂိတ်၊ အမှတ်(၅)လမ်းဆုံ (ခမရ-၁၀၉) ပူးပေါင်းစစ်ဆေးရေး ဂိတ်များသို့ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြ ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်ချက်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်စေပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ နှာခေါင်းစည်း Mask များကို ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ခုတင် (၁၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံရာ တပ်ကုန်းမြို့နယ် ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံ ကြီး ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်က ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါ ခံစားနေရသူများကို ကုသပေးနေမှု အခြေအနေနှင့် ပြည်သူများအား ကုသမှုများပေးနေသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်မှုများကို လမ်းညွှန်မှားကြားပြီး ကျန်းမာရေးဝန်ထမ်းများအတွက် နှာခေါင်းစည်း Mask များကို ပေးအပ်ခဲ့ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး ဒေသခံပြည်သူများ လျှပ်စစ်မီတာခများပေးသွင်းနေမှုကို ကြည့်ရှုအားပေးကာ ရင်းရင်းနှီးနှီးနှုတ်ဆက် စကားပြောကြားပြီး နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းသို့ရောက်ရှိရာ ကျောင်းအုပ်ဆရာကြီး ဦးသက်ထွန်းက ကျောင်းတွင်ကျောင်းသား/ ကျောင်းသူများ ပညာသင်ကြားနေမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြရန်ကျန်ရှိသည့် ကျောင်းသား ကျောင်းသူများအား ဆက်လက် ထိုးနှံနိုင်ရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် မိမိတို့ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြား ပေးရုံသာမက ယဉ်ကျေးလိမ္မာသော စံပြကျောင်းသား ကျောင်းသူများ ဖြစ်လာစေရန်နှင့် လူတော်လူကောင်းများဖြစ်အောင် သင်ကြားပြသပေးစေလိုကြောင်း ပြောကြားကာ နှာခေါင်းစည်း Mask များကိုပေးအပ်ပြီး စာသင်ခန်းများအလိုက် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ကျန်းမာရေးကို အထူးဂရုစိုက်စေလို ကြောင်း၊ ကျောင်းစာများကို အလေးထားပြီး တစ်နေ့တာ တစ်နေ့သင်ကြားမှုများကို ကျွမ်းကျင် တတ်မြောက်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း၊ ယဉ်ကျေးလိမ္မာပြီး လူတော်လူကောင်း များဖြစ်သည့် ကျောင်းသား ကျောင်းသူများဖြစ်အောင် လေ့ကျင့်ကြိုးစားကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် မဟာသီဟနာဒစာသင်တိုက် ဘုန်းတော် ကြီး ကျောင်းသို့သွားရောက်ပြီး မဟာသီဟနာဒစာသင်တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏ မဟာထေရ်မြတ်ထံမှ ငါးပါးသီးလခံယူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း တို့က ကထိန်သင်္ကန်းနှင့်လှူဖွယ် ပစ္စည်း ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ကြက်ဥနှင့် နှာခေါင်းစည်းMaskများကို ဆက်ကပ် လှူဒါန်းကြကာ လှူဒါန်းမှုအစုစုအတွက် ရေးစက်သွန်းချ အမျှပေးဝေခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် အောင်ဆန်းခန်းမ အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးပြီး ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ရင်းရင်းနှီးနှီးအားပေးစကားပြောကြား ကာ နှာခေါင်းစည်း Mask များ ဝေငှပေးအပ်ခဲ့ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ကင်းသာပူးပေါင်းစစ်ဆေးရေးဂိတ်သို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်ချက်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက်စေပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ နှာခေါင်းစည်း Mask များကို ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်း ကျောင်း သီရိမင်္ဂလာခန်းမသို့ရောက်ရှိပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း ၇၅၇ ကျောင်းတို့အား Hand Gel ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြား သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်း များအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ပေါ့ပေါ့ဆဆနေထိုင်၍ မရပါကြောင်း၊ ကာကွယ်ခြင်းသည်ကုသခြင်းထက်ပိုကောင်းသည် ဆိုသည့်စကားနှင့်အညီ ကိုဗစ်-၁၉ ရောဂါမဖြစ်အောင် ကာကွယ်ရမယ့်နည်းလမ်းတွေကို လိုက်နာပြီးကာကွယ်ကြဖို့လိုအပ်ပါကြောင်း၊ နှာခေါင်းစည်း Mask တပ်ခြင်း၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့်စနစ်တကျဆေးကြောခြင်း၊ လက်သန့်ဆေးရည် မကြာခဏ အသုံးပြုခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်းတို့သည် ကိုဗစ်-၁၉ရောဂါပိုး ပြန့်ပွားမှုကို အကောင်းဆုံး ထိန်းချုပ်နိုင်သည့် နည်လမ်းများဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမတို့အနေဖြင့် မိမိတို့ကျောင်းကို ရောက်ရှိလာသည့် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့် ပတ်သက်ပြီး စနစ်တကျ လိုက်နာနေထိုင်ရေးကို လမ်းညွှန်သင်ကြားပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း ၇၅၇ ကျောင်းတို့အား Hand Gel ထောက်ပံ့ပေးအပ်ရာ နေပြည်တော်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစိုးသိုက် ကလက်ခံရယူ သည်။
ယင်းနောက် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း ၇၅၇ ကျောင်းတို့အား Hand Gel ထောက်ပံ့ပေးအပ်ခြင်းအတွက် နေပြည်တော်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစိုးသိုက်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)