တကောင်းမြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ

တကောင်း     နိုဝင်ဘာ    ၁၅

၁၃၈၃ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  တကောင်းမြို့၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် (၁)နာရီက ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရခြင်းမှာ ကလေးငယ်များအနေဖြင့် အများနှင့် ပူးပေါင်းဆောင်ရွက်တတ် စေရန်၊ ကောင်းသော ယှဉ်ပြိုင်လိုစိတ်များ ရှိစေရန်၊ အားလပ်သည့်အချိန်များတွင် စာကြည့် တိုက်သို့ လာရောက်၍ စာပေဗဟုသုတများ လေ့လာတက်သည့် အလေ့အကျင့်ကောင်းများ ရရှိ စေရန်၊ စာကြည့်တိုက်နှင့် အကျွမ်းဝင်ပြီး ဝင်ထွက်သွားလာတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်စေရန်  ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်သည်။

ဆေးရောင်ခြယ်ပြိုင်ပွဲသို့ တကောင်းမြို့ အ.ထ.က ကျောင်းမှ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့ဦးစီးမှူး ဒေါ်သီရိအောင်မှ ဆုများအသီးသီးပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား၊‌ ကျောင်းသူ များအား အမှတ်တရ လက်ဆောင်များ ပေးခဲ့ကြောင်း သိရသည်။

သီရိအောင် (တကောင်း)