အလုံမြို့နယ်၌ "အမျိုးသား​နေ့အကြောင်း သိ​ကောင်းစရာ" အသိပညာပေဆွေးနွေး‌ပွဲ Talk Show ကျင်းပ

အလုံ နိုဝင်ဘာ ၁၅

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်  တန်​ဆောင်မုန်းလပြည့်​ကျော် (၁၀)ရက်​နေ့တွင် ကျ​ရောက်မည့် (၁၀၁)နှစ်​မြောက် အမျိုးသား​အောင်ပွဲ​နေ့ကို ကြိုဆိုဂုဏ်ပြု​သောအားဖြင့် ယနေ့ နံနက် (၁၀)နာရီ အချိန်က ရန်ကုန်အနောင်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ Community Centre ခန်းမတွင် "အမျိုးသား​နေ့အကြောင်း သိ​ကောင်းစရာ" အသိပညာပေးဆွေးနွေးပွဲ Talk Show ကို  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show တွင် အငြိမ်းစား​ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်က အမျိုးသားနေ့ဖြစ်ပေါ် လာပုံ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်အကြောင်း အရာများ၊ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ များ၊ အမျိုးသား​နေ့ကို မြန်မာသက္ကရာဇ်ဖြင့် သတ်မှတ်ပုံအ​ကြောင်းများကို ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး အမျိုးသားရေးစိတ်ဓာတ်များ ဆက်လက်ထိန်းသိမ်းထားရှိရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။      

မြို့နယ် (ပြန်/ဆက်)