ခရမ်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ခရမ်း နိုဝင်ဘာ ၁၅

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက် အရ နိုင်ငံအတွင်း မီတင်းနေထိုင်ကြသော နိုင်ငံသား အရည်အချင်းပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်း ရရှိရေးအတွက် မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် (၈) နာရီအချိန်က စတင်၍ ခရမ်းမြို့နယ်၊ အုန်းပင်ကျေးရွာတွင် ခရမ်းမြို့နယ်မြို့နယ် ဦးစီးမှူးဦးမောင်မောင်သန်းနှင့် ဝန်ထမ်းများက   ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်း ရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်း နေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွေ့ပြောင်း နေထိုင်သူများအား ဆောင်ရွက်ပေးခြင်း စသည့် နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်ပေး ခြင်းဖြစ်ကြောင်း သိရသည်။

အုန်းပင်ကျေးရွာတွင်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၂၂)ဦးတို့ကို ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်၍ ခရမ်းမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ အတွင်းရေးမှူး ဒုရဲမှူး တင်ထွန်းနှင့် မြို့နယ်လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း (ခရမ်း)