ဘူးသီးတောင် နိုဝင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြတောင်တိုက်ပွဲရှောင် ကယ်ဆယ်ရေး စခန်းများရှိ လူငယ် လူရွယ်များ အားလပ်ချိန်တွင် စာအုပ်စာပေဖတ်ရှု လေ့လာမှု ပိုမိုတိုးပွားလာစေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေး ဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်းကာ မြတောင်တိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်း၌ အပတ်စဉ် Mobile Library ကွင်းဆင်း ဆောင်ရွက်၍ စာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စာဖတ်သူများ ကြိုက်နှစ်သက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး စာအုပ်များ၊ သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဂျာနယ်/စာစောင်စသည့် စာအုပ်ပေါင်း(၆၀)အုပ် ဆက်လက် ငှားရမ်းပေးခဲ့ရာ မြတောင်တိုက်ပွဲရှောင်စခန်းရှိ လူငယ်လူရွယ်များနှင့် စာပေဝါသနာရှင်များမှ ပျော်ရွှင်စွာငှားရမ်း ဖတ်ရှုခဲ့ကြသည်။
ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် Mobile Library ကွင်းဆင်းခြင်းကို စာပေဖတ်ရှုသူဆီအရောက် အပတ်စဉ် တနင်္လာနေ့တိုင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး စာအုပ်ငှားရမ်းခြင်းကိုလည်း ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ငှားရမ်းသွားမည် ဖြစ်ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)