မန္တလေး နိုဝင်ဘာလ ၁၅
ချမ်းအေးသာစံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ Phase-4 First Dose ထိုးနှံ ပေးခြင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ စုရပ်များတွင် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ချမ်းအေးသာစံမြို့နယ် အရှေ့ခြမ်းရှိ ရပ်ကွက် ၁၀ ရပ်ကွက်အတွက် ဆေးထိုးစုရပ်(၂)နေရာဖြစ်သည့် ဝါခင်းကုန်းစုရပ်တွင် ကန်ကောက်ရပ်ကွက်တွင် နေထိုင်သူ ၅၀၀ ဦး၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်တွင် နေထိုင်သူ ၁၅၀ ဦး၊ ပြည်ကြီးမျက်မှန်ရပ်ကွက်တွင် နေထိုင်သူ ၂၅၀ ဦး၊ ပြည်ကြီးပျော်ဖွယ်ရပ်ကွက်တွင် နေထိုင်သူ ၁၀၀ ဦး၊ ရန်မျိုးလုံရပ်ကွက်တွင် နေထိုင်သူ ၁၅၀ ဦးကို ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း စုရပ်တွင် စိတ္တရမဟီ ရပ်ကွက်တွင် နေထိုင်သူ ၂၀၀ ဦး၊ မောရဂီဝါရပ်ကွက်တွင် နေထိုင်သူ ၂၅၀ ဦး၊ ကဉ္စနမဟီ ရပ်ကွက်တွင် နေထိုင်သူ ၂၀၀ ဦး၊ ဟေမာဇလရပ်ကွက်တွင် နေထိုင်သူ ၂၅၀ ဦး၊ ပတ်ကုန်း ဝန်းကျင်ရပ်ကွက်တွင် နေထိုင်သူ ၁၀၀ ဦး၊ စုစုပေါင်း လူဦးရေ ၂၁၅၀ ဦးကို ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်