မချမ်းဘော့မြို၌ မြို့မ‌ဈေး စျေးတွင်းစျေးပြင် ဓာတ်ဆီထားသိုအရောင်းဆိုင်များကို မီးဘေးကြိုတင် ကာကွယ်နိုင်ရေးတွက် အသိပညာပေးလက်တွေ့ စစ်ဆေးဆောင်ရွက်

မချမ်းဘော့ နို၀င်ဘာ ၁၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ စည်ပင်သာယာမြို့မဈေး‌  ဈေးတွင်းဈေးပြင်တွင် ဓာတ်ဆီထားသိုအရောင်းဆိုင်များ၌ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် ၇နာရီခွဲ၌ အသိပညာပေးကွင်း‌ဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မီးလောင်လွယ်သည့်ဆီနှင့် အရည်များ စနစ်တကျထားသို ရောင်း၀ယ်နိုင်‌ရန်၊ မီးလောင်နိုင်သည့် အမှိုက်သရိုက်များ စနစ်တကျစွန့်ပစ်နိုင်ရေး၊ ထင်းမီးသုံးစွဲသည့် ဆိုင်များ မီးကြွင်းမီးကျန်များ မပေါ့ဆရေး၊ ဟောင်းနွမ်းသည့် ပလပ်ပေါက်လှဲလှယ်နိုင်ရေး အချိန်မီ လျှပ်စစ်ဌာနသို့ သတင်းပို့နိုင်ရေး၊ ထင်းမီးနှင့်လျှပ်စစ်မီးကိုလိုတာထက်ပိုမသုံးစွဲရန်နှင့်ကိုဗစ်-၁၉ ကာလတွင် ကုန်ဈေးနှုန်း မှန်ကန်စွာရောင်းချနိုင်ရေးတို့ကို မှာကြားဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထို့သို့ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဝေယံမင်းသွင်၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ် တပ်ဖွဲ့လက်‌ထောက်မီးသတ်တပ်ဖွဲ့မှူး ဦး၀ဒမ်းခေါင်ဆင်နှင့် မြို့နယ် တပ်ဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၀န်ထမ်းများက ပူးပေါင်း၍ကွင်းဆင်း ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

 

မြို့နယ် ပြန်/ဆက်