ကွန်ဟိန်း နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်လှမိုး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်(၉)နာရီအချိန်က လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ဆိုင်းပွန်(ပလောင်)ကျေးရွာအား သွားရောက်ကာ ဒေသခံတိုင်းရင်းသားတို့၏ ရိုးရာနေအိမ်များ၊ ပလောင်ရိုးရာအထည်များ ရက်လုပ်မည့် ယက္ကန်းစင် အဆောက်အဦးများအား လှည့်လည်ကြည့်ရှုကြပြီး ပလောင် တိုင်းရင်းသား တိုင်းရင်းသူ အဘိုးအဘွားအား ထောက်ပံ့ငွေများ ပေးအပ်၍ ဒေသခံ ပြည်သူ များကို စားစာရာများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ငွေ ကျပ် (၅)သိန်းတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုး၊ ပြည်နယ်ဝန်ကြီးများတို့မှ ပေးအပ်ရာ ပင်လောင်းဒေသခံပြည်သူများက လက်ခံရယူပြီး ဆိုင်းပွန် (ပလောင်)ရွာ ဒေသခံပြည်သူများမှ ဒေသအတွက် ရေရရှိရေးနှင့် ဘုန်းတော်ကြီး ကျောင်း ပြန်လည်ပြုပြင်နိုင်ရေးတို့ကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် ပြောကြားခဲ့ကြောင်းသိရသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလျော့နည်းလာပါက ကမ္ဘာလှည့်ခရီးသွားများနှင့် အများပြည်သူ များမှ ကွန်ဟိန်းမြို့နယ် ဆိုင်းပွန်(ပလောင်)ရွာကို လာရောက်လည်ပတ်၍ ဒေသရိုးရာဝတ်စုံများ၊ ဒေသနေထိုင်မှု အိမ်ပုံစံများကို လေ့လာနိုင်မည် ဖြစ်သည်။
ဆက်လက်၍ လွိုင်လင်ခရိုင်အတွင်းရှိ တိုင်းရင်းသားပြည်သူများ၊ ဌာနေပြည်သူ့ စစ်တပ်ဖွဲ့ဝင် များနှင့် မိသားစုဝင်များအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ခြင်းနှင့် ဌာနေပြည်သူ့စစ် (မတ်ကျန်း) အဖွဲ့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ် အထောက်အကူပြုပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ် ဥပဒေချုပ် နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားအား ပြည်သူ့ စစ်ဌာနေ ပြည်သူ့စစ်(မတ်ကျန်း)တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်(၃၅၉)နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ ပြည်သူ့စစ်ဌာနေ (မတ်ကျန်း)အဖွဲ့ ခေါင်းဆောင်ဦးလင်းဆိုင်မှ လက်ခံရယူ၍ လည်းကောင်း၊ ဌာနေပြည်သူ့စစ်(နားရိုင်း)အဖွဲ့ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်(၃၇၄)ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် နမ့်စန်မြို့နယ် ဟိုင်းနားကြီးကျေးရွာအုပ်စုမှ အိမ်ထောင်စု ဝင် (၆၉)စု၏ လူဦးရေစာရင်းများကို တိုင်းမှူး ဗိုလ်မှူးချုပ်လှမိုးက ပေးအပ်ရာ ဌာနေ ပြည်သူ့စစ် (နားရိုင်း)အဖွဲ့ တာဝန်ခံ ဦးမောင်တိုးနှင့် ကိုးကန့်တိုင်းရင်းသား ကိုယ်စားလှယ် (၁)ဦးမှ လက်ခံရယူ၍လည်းကောင်း၊ ဌာနေပြည်သူ့စစ် (ဝမ်ပန်)တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် (၁၀၆)ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က ပေးအပ်ရာ (ဝမ်ပန်)အဖွဲ့ခေါင်းဆောင် ဦးညွန့်မှ လက်ခံရယူ၍လည်းကောင်း၊ နမ့်စန်မြို့နယ် နားပွဲကျေးရွာအုပ်စု အိမ်ထောင်စုဝင်(၅၅)ဦး၏ အိမ်ထောင်စုလူဦးရေစာရင်း များကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က ပေးအပ်၍လည်းကောင်း၊ လွိုင်လင်မြို့နယ် နားယမ်းကျေးရွာအုပ်စုမှ နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၆၉)ကတ်ကို ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကိုက ပေးအပ်၍လည်းကောင်း၊ လွိုင်လင်မြို့နယ် နားယမ်းကျေးရွာအုပ်စုမှ အိမ်ထောင်စုဝင်(၉၀)၏ အိမ်ထောင်စု လူဦးရေစာရင်းကို တိုင်းရင်းသားရေးရာဝန်ကြီး ဦးကြည်ဝင်းက ပေးအပ်၍လည်းကောင်း၊ လဲချားမြို့နယ် နောင်လိုင်ကျေးရွာမှ နိုင်ငံသားစိစစ်ရေးကတ်(၃၀၀)ကတ်အား ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက ပေးအပ်၍လည်းကောင်း၊ ကျေးသီးမြို့နယ် မိုင်းလန်းကျေးရွာအုပ်စုမှ နိုင်ငံသားစိစစ်ရေးကတ်(၅၆)ကတ်ကို ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ပေးအပ်၍ လည်းကောင်း၊ မိုင်းရှုးမြို့နယ် ပန်စွဲကျေးရွာအုပ်စုမှ နိုင်ငံသားစိစစ်ရေးကတ်(၃၀)ကတ်အား လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်တို့က ပေးအပ်ရာ တာဝန်ရှိ တိုင်းရင်းသား တိုင်းရင်းသူများက လက်ခံရယူကြပြီး လဲချားမြို့နယ် နောင်လိုင် ကျေးရွာနေ ဒေသခံပလောင်တိုင်းရင်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြား၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လွိုင်လင်ခရိုင် ဦးစီးမှူးရုံးနှင့် မြို့နယ်ဦးစီးမှူးရုံးများ၏ “ပန်းခင်း” စီမံချက်အရ ကွင်းဆင်းဆောင်ရွက်မှု Video Clip အားတင်ပြကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)