ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အသက် ၁၈ နှစ် အထက်နှင့် သတ်မှတ်ဆေးထိုး အုပ်စုများထဲတွင် ပါဝင်ကြသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ်အထက် ရှိသူများ၊ သတ်မှတ်ဦးစားပေးအုပ်စုများတွင် ပါဝင်သူများကို ယနေ့ နံနက် ၉ နာရီမှစ၍  သခင်ဘသောင်း ရပ်ကွက်ရှိ ဇေယျသုခ ကျောင်းတိုက်ဓမ္မာရုံတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ရပ်ကွက်အတွင်းရှိ အသက် ၁၈ နှစ်အထက်ရှိသူများ၊  သတ်မှတ်ဆေးထိုး အုပ်စုများထဲတွင် ပါဝင်သည့် မြို့နယ်နေပြည်သူများအား မြို့နယ်သူနာပြု ဆရာမကြီး ဒေါ်ခင်ပပလွင်ကြီး ဦးဆောင်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က ကြီးကြပ်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များနှင့် လူမှုရေးအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

ဝေယံ(IPRD)