သံဖြူဇရပ် နိုဝင်ဘာ ၁၅
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၁ ခုနှစ်အတွက် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ထင်းရှူးကျေးရွာ (ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ)၌ ယမန်နေ့ နံနက် ၉ နာရီက တောင်သူ ဦးပန်းတင်၏ လယ်မြေကွင်းအမှတ်-၉၉၆/က၊ ဦးပိုင်အမှတ်-၃၆/ခ/၁၊ ပေါ်ဆန်းရင် စပါးစိုက်ဧက ၄.၅၁ ဧကရှိ စံကွက် ၀.၁၀ ဧကတွင် စုပေါင်းရိတ်သိမ်းပွဲ ကျင်းပကြောင်း သိရသည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ မြို့နယ်သစ်တော ဦးစီးဌာနဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံကိန်း ဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဦးစီးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ ထင်းရှူးကျေးရွာ၊ ကော့လေးကျေးရွာ၊ အဲခဲကျေးရွာနှင့် ကရုပ္ပိကျေးရွာတို့မှ ကျေးရွာတာဝန်ခံများနှင့် အကျိုးတော်ဆောင် တောင်သူ ၅၃ ဦးတို့ တက်ရောက်ခဲ့ကြပြီး ယင်းမိုးစပါးစံကွက် စုပေါင်းရိတ်သိမ်းပွဲတွင် စပါးတစ်ဧက အစိုချိန် ၆၁.၁၀ တင်း ထွက်ရှိကြောင်း သိရသည်။
အေးအေးမွန်(ပြန်/ဆက်)