မိုင်းယောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

မိုင်းယောင်း နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက စာရေးဆရာ ခင်မောင်ညို (ဘောဂဗေဒ) ၏ “ဘဝတစ်လျှောက် အောင်မြင် ပျော်ရွှင်နည်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက “အပြစ်မတင်ဘဲ အလုပ် ဖြစ်အောင် လုပ်ပါ”၊ Woman Club အသင်းမှ ဒေါ်နန်းသန္တာကျော်ဝေက “လူအများနှင့် ပြေပြေပြစ်ပြစ် ဆက်ဆံနည်း”၊ စာကြည့်တိုက် လက်ထောက်(၃) ဒေါ်နန်းပန်က “စာဖတ်ခြင်းအကျိုးကျေးဇူး” နှင့် Book Club အသင်းမှ ဦးရဲရင့်အောင်က “ကိုယ့်အကြောင်း ကိုယ်သိအောင် လုပ်ပါ” အကြောင်းများကို ဖတ်ကြားခဲ့ကြ သည်။

ထို့နောက် မိမိတို့ဖတ်ရှုထားသည်များကို ပြန်လည်ဆွေးနွေးခြင်း၊ ရရှိလာသည့် အသိပညာ ဗဟုသုတနှင့် စာပေဆိုင်ရာ အသိအမြင် များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း