မိုင်းခတ်၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်ပြပွဲကျင်းပ

မိုင်းခတ် နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။‌

ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ပြီး တီထွင်ဖန်တီးနိုင်စွမ်း ရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချ တတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်နှင့် ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ် ပေးခြင်း ဖြစ်ကြောင်းနှင့် ပြိုင်ပွဲစည်းကမ်းချက်များအား မြို့နယ်ဦးစီးမှူး‌ဒေါ်နန်းနွယ်နီအောင်က ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက (၁၀၁) နှစ်မြောက် အမျိုးသား‌အောင်ပွဲနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ကျောင်းသား၊ ကျောင်းသူများက စာအုပ်ပြပွဲအား ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)