နမ္မတူ နိုဝင်ဘာ ၁၅
နမ္မတူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ပန်ချင်ကျေးရွာအုပ်စု အတွင်းရှိ သတ်မှတ်ချက်များနှင့်ကိုက်ညီ သည့် တိုင်းရင်းသားပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေး အခမဲ့ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူ မြို့နယ်၊ ပန်ချင် ကျေးရွာအုပ်စု၊ မိုက်ဟုန်းကျေးရွာ၌ အခြေပြု၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်း များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ နမ္မတူမြို့နယ်၊ ပန်ချင်ကျေးရွာအုပ်စု၊ မိုက်ဟုန်းကျေးရွာ၌အခြေပြု၍ ပန်ချင်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူ နိုင်-၃ (က) လျှောက်ထားသူ (၇၂) ဦး၊ နိုင်-၆ (က) လျှောက်ထားသူ (၃၄) ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ် လျှောက်ထားသူ (၁၂)ဦးနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပျောက်ဆုံး/ပျက်စီး လျှောက်ထားသူ (၅) ဦး စုစုပေါင်း (၁၂၃) ဦးတို့ကို နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေး အတည်ပြုလက်ခံဆောင်ရွက်ပေးခဲ့ကြောင်း နမ္မတူမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှထံက သိရသည်။
လူမော် (ပြန်/ဆက်)