နမ္မတူ နိုဝင်ဘာ ၁၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၉) နာရီအချိန်က (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာအုပ်/စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်/စာစောင်ပြပွဲတွင် အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သတ်သည့် စာအုပ်/စာစောင် များနှင့် အများပြည်သူ အသိပညာ ဗဟုသုတတိုးပွားစေမည့် သုတ/ရသစာပေများအား ခင်းကျင်းပြသထားကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းထံက သိရသည်။
လူမော် (ပြန်/ဆက်)