မောက်မယ် နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ယမန်နေ့တွင် RDT ဖြင့် စစ်ဆေးသူ (၂၁၇) ဦးတွင် ရောဂါပိုးတွေ့ရှိသူ လူနာသစ်(၇)ဦးထပ်မံတွေ့ရှိခဲ့ပြီး ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ (၅) ဦး လက်ကျန်လူနာ (၁၅၅) ဦး ကျန်ရှိကြောင်း ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။
မောက်မယ်မြို့နယ်တွင် ဇူလိုင်လ ၁၉ ရက်နေ့မှ နိုဝင်ဘာလ ၁၄ ရက်နေ့ ယမန်နေ့အထိ ကိုဗစ် − ၁၉ ရောဂါတွေ့ရှိသည့် အတည်ပြုလူနာများ (၃၈၉) ဦးအနက် သေဆုံးသူ (၄) ဦးရှိ၍ ကျန်းမာရေး ကောင်းမွန်ပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၂၃၀) ဦးရှိကာ (၁၅၅) ဦးသည် ဆေးကုသမှု ခံယူနေကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)