မိုင်းငေါ့ နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ယမန်နေ့နံနက် (၉) နာရီ အချိန်ခန့်က Sinopharm အမျိုးအစား ကာကွယ်ဆေးကို အသက် (၁၈) နှစ်အထက် ပြည်သူများအား ပထမအကြိမ် (တတိယ) ရက်နေ့အဖြစ် ကာကွယ်ဆေး ထိုးနှံပေးခြင်း များကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် (တတိယ) ရက်နေ့အဖြစ် ကာကွယ်ဆေး လာရောက်ထိုးနှံသူ ကျား (၃၆)ဦး၊ မ (၄၄) ဦး စုစုပေါင်း (၈၀) ဦးတို့အား မိုင်းငေါ့ တိုက်နယ် ကျန်းမားရေးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်နန်းခင်မျိုးဦးနှင့်အဖွဲ့က တာလုံ အ.မ.က ကျောင်းတွင် ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ စသည့်ကျန်းမာရေး စစ်ဆေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးပြီးပါကလည်း နာရီဝက်ခန့်စောင့်ကြည့် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း တိုက်နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)