ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ငါန်းဇွန်   နိုဝင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန် မြို့နယ်ရုံး ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာ ခင်စောတင့် ရေးသားသည့် “ဆုံးဖြတ်ဖို့ ခက်ခဲနေမယ် ဆိုရင်” စာအုပ် ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဦးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက် များနှင့် စာပေဖတ်ရှုသည့် အလေ့အထ တိုးတက်မှုရှိစေရန် အပတ်စဉ် တနင်္လာနေ့တိုင်း စာဖတ်ဝိုင်း ကျင်းပလျက်ရှိ ကြောင်း ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းဝင်များ ဖြစ်သည့် ဒေါ်သင်းသင်းဆွေက “ရွှင်လန်းပေါ့ပါးတဲ့ ရှုထောင့်က ကြည့်ပါ”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်မို့မို့စံက “ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကိုအောင်ခန့်မော် က “ပျော်ရွှင်စရာ ကမ္ဘာ”၊ မခင်ခန့်ခန့်ဇော်က “ရိုးသားဖြောင့်မတ်သော” ခေါင်းစဉ်ဖြင့် လည်းကောင်း မိမိတို့ ဖတ်ရှုခဲ့သည့် စာရေးဆရာ ခင်စောတင့်၏ “ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်” စာအုပ်ပါ အကြောင်းအရာများမှ နားလည်မှတ်သားထားရှိမှုများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး ဝန်ထမ်း များနှင့်အတူ တစ်ဦးချင်းအလိုက် အပြန်အလှန် ဆွေးနွေးခဲ့ ကြောင်းသိရသည်။

သက်နောင်ဦး(ငါန်းဇွန်)