နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်‌ဆေး (Sinopharm) ပဥ္စမအသုတ် (ဒုတိယအကြိမ်) ကာကွယ်ဆေးဆက်လက်ထိုးနှံ

နောင်ချို နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့နယ်ခန်းမ၌ အသက် (၁၈) နှစ် ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပဥ္မမအသုတ် (ဒုတိယအကြိမ်) ကို ယနေ့နံနက် (၉)နာရီအချိန်မှစ၍ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်‌ဆေး ပဥ္စမအသုတ် (ဒုတိယအကြိမ်) ထိုးရန်ကျန်ရှိသူများကို နိုဝင်ဘာ (၁၄) ရက်နေ့မှ (၁၇)အထိ ထိုးနှံပေး သွားမည်ဖြစ်ကြောင်း၊ ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်မှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံး လျှင် လူ(၅)ဦးနှုန်း ထိုးနှံပေးလျက်ရှိကြောင်း၊ ဒုတိယအကြိမ်ကာကွယ်ဆေးကို ထိုးရန်ကျန်ရှိသူ များအား မြို့နယ်ခန်းမအပြင် သုံးဆယ်၊ ဘန့်ဘွေး၊ တောင်ရှည်ဆေးထိုးစုရပ်များ၌ ထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ စာရင်းများ မှတ်တမ်းယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများက လာရောက် ထိုးနှံသူများကို သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေး ခြင်းများ ဆောင်ရွက်ပြီး ပုံမှန်အခြေအနေရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးပြီးထိုးနှံပြီးသည့်သူများကို မိနစ်(၃၀)ခန့် အနားယူစေကာ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ထွေးငယ်၊(ပြန်/ဆက်)