လင်းခေး အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် အဆိုပါမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယနေ့နံနက် ၉ နာရီအချိန်က လင်းခေးမြို့နယ် ဝမ်ဟတ်ကျေးရွာအုပ်စုရှိ၊ ဌာနေပြည်သူ့စစ် အစည်းအဝေးခန်းမ စုရပ်၌ ၎င်းဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုလူဦးရေစာရင်းများ နေ့ချင်းပြီး (Onestop Service system) ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဝမ်ဟတ်ကျေးရွာအုပ်စုရှိဌာနေ ပြည်သူ့စစ်နှင့် မိသားစုဝင်များ၊ ကျေးရွာ (၉) ရွာအတွင်းနေ ဒေသခံပြည်သူများမှ ယမန်နေ့က ကျေးရွာ(၅)ရွာ၊ ယနေ့ ကျေးရွာ (၄) ရွာရှိ အသက် ၁၈ နှစ်ပြည့်ပြီးသူများနှင့်အထက် ပြည်သူ (၁၀၀) ဦးအား နိုင်ငံသား စိစစ်ရေး ကတ်ပြား (၁၀၀) ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ နေ့ချင်းပြီးကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမြို့နယ် ဦးစီးမှူး ဦးထွန်းလှကျော်ထံမှ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)