ဝမ်းတွင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm နှင့် Sinovac အား ဆက်လက် ထိုးနှံပေး

ဝမ်းတွင်း နိုဝင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့် ဒေသခံပြည်သူများ၊ ကျောင်း သား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm နှင့် Sinovac အား FirstDoseSecondDose ထိုးနှံ ပေးခြင်းကို ယမန်နေ့နံနက် (၈) နာရီအချိန်က မြို့နယ်ခန်းမတွင် ဒေသခံပြည်သူများအား ဆက်လက် ထိုးနှံပေး ခဲ့ကြောင်း သိရသည်။

Covid19 ရောဂါကာကွယ်ဆေး Sinopharmနှင့် Sinova အား FirstDoseSecondDose ထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးရာတွင် မြို့ပေါ်ရပ်ကွက်/ ကျေးရွာများ အုပ်စုများရှိ အသက်(၆၅)နှစ် အထက် ရှိသူများ၊ ဒေသခံပြည် သူများနှင့် Valunteer များနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက်စာရင်းများ ရေးသွင်းခြင်းများ ဆောင်ရွက် ပေးပြီး ကျန်းမာရေး ကောင်းမွန်သူ အသက်(၆၅)နှစ်ထက်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ (၃၅၉၂) ဦးအား ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ‌ခြင်း လုပ်ငန်းများ ဆောင်ရွာသို့ မြို့နယ်စီမံအုပ် ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျန်မာရေးဌာန ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ စေတနာလုပ်အား ရှင်များနှင့် ဒေသခံ ပြည်သူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုရဲ(ဝမ်းတွင်း)